ဤလောကနီတိအဆုံးအမများကို ၂၀၀၀ ခုနှစ်၌ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေခဲ့သော “လောကနီတိ” စာအုပ်မှကောက်နှုတ်ဖော်ပြပါသည်။
“နီတိ” ဆိုသည်မှာ အိန္ဒိယနိုင်ငံသုံး သင်္သကရိုက် ပါဠိ (Sanskrit-Pali) ဘာသာစကားဖြစ်ပြီး “လမ်းညွှန်” ဟူ၍ အနက်အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပေသည်။
ထို့ကြောင့် “လောကနီတိ” ဆိုသည်မှာ လောကရှိ လူသားတို့ သိမှတ်လိုက်နာသင့်သော လူမှုကျင့်ဝတ် (Social Conduct) နှင့် လူမှုစည်းကမ်း (Social Discipline) များဆိုင်ရာ ဖော်ပြချက်လမ်းညွှန်များဟု ဆိုနိုင်ပါသည်။
မြန်မာနိုင်ငံ၌ လောကနီတိကျမ်းကို ပင်းယခေတ်၊ သက္ကရာဇ် ၇၁၄ ခု၊ သီဟသူမင်း (လေးစီးရှင်ကျော်စွာ) လက်ထက်တွင် “သီရိမဟာစတုရင်္ဂဗလ” အမတ်ကြီးက ပါဠိဘာသာဖြင့် ရေးသားပြုစုခဲ့ရာ နှောင်းခေတ် ဘုန်းတော်ကြီးကျောင်းများ၌ ကျောင်းသား၊ ကိုရင်သာမဏေတို့၏ ဘုန်းတော်ကြီးကျောင်းသင် လက်စွဲကျမ်းများ၌ အနက်ဖွင့်ဆိုချက်နှင့်တကွ ထည့်သွင်းသင်အံစေခဲ့ပါသည်။
ထိုမှ လောကနီတိအဆုံးအမများကို လက်ဆင့်ကမ်းလာခဲ့ရာ ယနေ့တိုင်အောင် တည်တံ့နေသော ရှေးခေတ်ပညာရှိများ၏ ဆုံးမလမ်းညွှန်မှု မှတ်တမ်းများ ဖြစ်လာရပါသည်။
လောကနီတိအဆုံးအမများသည် ဗုဒ္ဓစာပေနှင့် ရှေးဟောင်းနီတိကျမ်းများမှ ထုတ်နှုတ်ညွှန်ပြထားသော အနှစ်သာရများ ဖြစ်သည်နှင့်အညီအများနားလည်မှတ်သားနိုင်စေရန် ရိုးရှင်းသော အရေးအသားပုံပမာများနှင့် လမ်းညွှန်ထားသော်လည်း အလေးအနက် မှတ်သားနည်းယူဖွယ်ရာများနှင့် ပြည့်စုံသဖြင့် မြန်မာလူငယ်များလေ့လာမှတ်သားကျင့်ကြံနိုင်ကြစေရန် ဖော်ပြရခြင်း ဖြစ်ပါသည်။
နေမျိုးတံခွန်
“လောကနီတိ”
လောကနီတိ၊ က၀ိစကား
မှတ်သားနာယူ၊ နှလုံးဖြူက
လူပုံအလယ်၊ တင့်တယ်ထွန်းတောက်
စိန်ကျောက်အလား၊ စီးပွားတိုးတက်
ဂုဏ်ကျက်သရေ၊ တက်ဖြိုးဝေလိမ့်
လေညာလေအောက်၊ ရနံ့ရောက်၍
ကြိုင်လှောက်မွှေးကြူ၊ ပန်းမဉ္ဇူသို့
သူသူငါငါ၊ ချီးမြှောက်ရာ၏
ခုခါနောင်ရေး၊ ရန်ဖယ်ဝေး၍
စိတ်အေးချမ်းသာ၊ ရိပ်ဆာယာဝယ်
ပညာသီလ၊ မြတ်ဓမ္မဖြင့်
ဘ၀ကိုသုံး၊ ချိန်မဖြုန်းမှ
မဆုံးတန်ဖိုး တိုးလိမ့်တကား။ ။
ဣန္ဒာဆွေ
“Loka Niti”
Loka Niti refers to words of the wise
If one notes them and acts as advised
With purity in one’s heart in essence
One will have elegence and brilliance
Among all, like a gem, enjoy prosperity
With rising personal honour and glory
Fame spreading all over far and near
Fragant as the fabulous celestial flower
One and all according praise in honour
Free from danger now also in future
With full peace of mind in the shelter
Imbibing truth, wisdom and right behaviour
Live one’s life without wasting time unelessly
Only then will one’s value rise unceasingly.
( by Aenda Swe )
၁။ အကြားအမြင် ပညာကို နည်းသည်ဟူ၍ ဘယ်သောအခါမျှမအောက်မေ့ရာ၊လေ့လာဆည်းပူး၍ စိတ်၌သိုမှီးသိမ်းဆည်းထားရာ၏။ခြပုရွက်တို့ စုဖို့၍ မြေတောင်ပို့ကို ရသကဲ့သို့လည်းကောင်း၊ ကျဖန်များသော မိုးရေပေါက်များသည် ကြီးမားသော အိုးစရည်းကို ပြည့်စေနိုင်သကဲ့သို့လည်းကောင်း မှတ်ယူအပ်၏။
Never think of knowledge and wisdom as little.Seek it and store it in the mind.
Note that ant-hills are built with small particles of dust and incessantly falling rain-drops, when collected, can fill a big pot.
၂။ နှုတ်မှု၊ လက်မှု အတတ်ပညာကို သေးငယ်သည်ဟု မထင်မှတ်ရာ၊
ပြည့်စုံကုန်စင်အောင် တတ်မြောက်ပါမူ တစ်ခုသော အတတ်ပညာသည်ပင် အသက်မွေးဝမ်းကျောင်း ပြုနိုင်ပေ၏။
Never think of arts and science as trivial.
When learnt completely, even one kind of profeciency can be used as livelihood.
၃။ စည်သည်တီးမှ မြည်သကဲ့သို့ ပညာရှိသည်လည်း သူမေးလာသော အခါမှသာ ဖြေကြားပြောဆိုလေ့ရှိ၏။
သူမိုက်သည်ကား သူတစ်ပါးမေးသည်ဖြစ်စေ၊ မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟောတတ်ပေသည်။
As a drum emits sound when struck the learned responds only when asked.
Asked or not, the uneducated speaks too much.
၎။ လိမ္မာယဉ်ကျေးမှုရှိမရှိကို ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့် သိနိုင်၏။
ပညာရှိသည်မရှိသည်ကို ပြောဆိုသောစကားကို ထောက်ချင့်၍ သိနိုင်၏။
Being cultured or not can be known by behaviour.
Being learned or not can be known by speech.
၅။ ဗဟုသုတနည်းသူသည် အနည်းငယ်မျှသော သုတကို များသည်ဟုထင်မှတ်၍ မာန်တတ်တတ်၏။
သမုဒ္ဒရာရေကို မမြင်ဖူးသော ဖားငယ်သည် တွင်းငယ်ရေကို များလှပြီဟုထင်မှတ်သကဲ့သို့တည်း။
One with scanty knowledge tends to think a little learning a lot.
It is just as a puny frog, not having seen an ocean, thinks a little well of water a lot.
၆။ ဆူးကို အဘယ်သူချွန်၍ ထက်သနည်း၊ သမင်မျက်လုံးကို အဘယ်သူမျက်စဉ်းခတ်၍ ကြည်လင်သနည်း၊ ရွှံ့ညွန်၌ပေါက်သော ကြာပန်းကို အဘယ်သူရနံ့ထည့်၍ ထုံးမွှေးသနည်း။
သူ့သဘာဝအလျောက်သာ ဖြစ်ကြကုန်၏။
အမျိုးကောင်းသာ အမျိုးကောင်းသမီးတို့မည်သည် သူတစ်ထူးအကူမရမူလည်း မိမိဘာသာ ကြိုးစားအားထုတ်ရာ၏။
Who sharpens the thorne to be pointed? Who put eyedrops the deer’s eye to be shiny? Who put scent in the lily growing in mud to be fragrant?
Those may happen by nature.
The good descendents should themselves try without help.
၇။ အရသာပျက်ကြောင်း တရားလေးပါးတို့သည်ကား-
ထုံးမပါသောကွမ်း၊
ဆားမပါသောဟင်း၊
ဥစ္စာပစ္စည်းမရှိဘဲ ၀တ်စားတန်ဆာ ပလွှားမောကြွား ၀တ်ဆင်ခြင်း၊
ပညာမတတ်ဘဲ ပျို့၊ ကဗျာ၊ လင်္ကာ ဖွဲ့ဆိုခြင်းတို့ပေတည်း။
What causes unsavouriness are:-
A betel-quid without lime.
Curry without salt.
Dressing up flauntingly without wealth.
Composing verse without education.
၈။ အိပ်ခြင်း၊ စားခြင်း၊ မေထုန်မှီဝဲခြင်းအမှုတို့၌ နွားသည်လည်းကောင်း၊ လူသည်လည်းကောင်း ပြုတတ်ကြမြဲသာ ဖြစ်၏။
အတတ်ပညာသည်သာလျှင် နွားထက် လူကသာလွန်သောဂုဏ်ရည်ထူးပင် ဖြစ်ပေတော့သည်။
Man or cattle are capable of sleeping, eating or having sex.
Education is the quality where man excels.
၉။ နိမ့်ကျသူ၏ သားပင်ဖြစ်လင့်ကစား မင်း၊ အမတ်ဖြစ်နိုင်၏။
သူမိုက်၏ သားပင်ဖြစ်လင့်ကစား ပညာရှိဖြစ်နိုင်၏။
ဥစ္စာမရှိသူ၏ သားပင်ဖြစ်လင့်ကစား ကြွယ်ဝချမ်းသာနိုင်၏။
ထို့ကြောင့် ယောက်ျားတို့ကို အထင်မသေးအပ်။
Even the son of low parent age can be the king’s counselor.
Even the son of the foolish can be a sage.
Even the son of a poor man can be rich.
So don’t be contemptuous of a man.
၁၀။ ပိန္နဲသီးမှည့်တို့သည် ပြင်ပ၌ ဆူးများရှိသော်လည်း အတွင်းအရသာမူကား ချိုမြိန်လှပေ၏။
သူတော်ကောင်းတို့၏ စိတ်နှလုံးသည်လည်း ထို့အတူပင်ဖြစ်၏။
Though jack fruits have thorns outside the taste is sweet.
So also are the hearts of the virtuous.
၁၁။ စန္ဒကူးပင်သည် သွေ့ခြောက်သွားသည့်တိုင် မွှေးရနံ့ကို မစွန့်။
ဆင်ပြောင်သည် စစ်မြေပြင်သို့ ရောက်သော်လည်း ခံ့ထည်တင့်တယ်ခြင်းကို မစွန့်။
ကြံသည်ကြိတ်စက်သို့ ရောက်သော်လည်း ချိုသောအရသာကို မစွန့်။
ပညာရှိသူတော်ကောင်းသည် ဘေးဒုက္ခ ဆင်းရဲသို့ကျရောက်ငြားသော်လည်း သူတော်ကောင်းတရားကို မစွန့်။
Sandalwood does not lose its fragrance even when dry.
The great elephant does not shed its magnificence even on the battlefield.
Sugarcane does not lose its sweetness even when at the mill.
The wise and virtuous does not abandon virtue even when in trouble.
၁၂။ ခြင်္သေ့တို့မည်သည် ငတ်မွတ်ဆာလောင်သော်လည်း မြက်သစ်ရွက်ကိုမူ မစား။
ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်းရဲဒုက္ခကြုံတွေ့ရသော်လည်း မကောင်းမှုဒုစရိုက်ကို လက်မခံ၊ အကျင့်သီလကို စောင့်ထိန်းကြကုန်၏။
Lions, though hungry will not eat grass.
The learned and virtuous, though faced with poverty will not accept badness but always upholds virtue.
၁၃။ စစ်မြေပြင်အရပ်၌ ရဲရင့်သူကို အလိုရှိ၏။
လျှို့ဝှက်သောကိစ္စ၌ နှုတ်လုံသူကို အလိုရှိ၏။
စားကောင်းသောက်ဖွယ် စားသောက်ရချိန်၌ ချစ်ခင်သူကို အလိုရှိ၏။
ခက်ခဲနက်နဲသော အရေးကိစ္စကြုံတွေ့ရချိန်၌ ပညာရှိကို အလိုရှိ၏။
On the battlefield the brave are wanted.
In secret matters one who keeps his tongue is wanted.
At a feast, one loved is wanted.
In difficult and profound matters one learned is wanted.
၁၄။ သူတော်ကောင်းတို့၏ ဥစ္စာသည် နည်းပင်နည်းငြားသော်လည်း တွင်းမှရသော ရေချိုကဲ့သို့ သူတစ်ပါးတို့ သောက်သုံးမှီခိုရ၏။
မသူတော်တို့၏ ဥစ္စာသည်ကား များပင်များငြားသော်လည်း သမုဒ္ဒရာရေကဲ့သို့ သောက်ချိုး မှီခိုရာမရနိုင်။
Little as the wealth of the virtuous may be, it can be used as good water from a well.
But much as the wealth of the nonvirtuous can be not useful as water from the ocean.
၁၅။ မိမိမိုက်လျက် မိုက်မှန်းသိသူကို ပညာရှိဟုဆိုအပ်၏။
မိမိမိုက်လျှက် ပညာရှိဟု အထင်ရောက်သူကိုမူ သူမိုက်ဟု ဆိုအပ်၏။
One who knows himself of his foolishness, may be said to be the wise.
One who thinks of himself as the wise even though he is foolish, may be said to be the foolish.
၁၆။ အိပ်မပျော်သောသူအတွက် ညဉ့်တာသည်ရှည်၏။
အားခင်ကုန်ခန်း ခရီးပန်းသူအတွက် တစ်ယူဇနာခရီးအကွာသည် ရှည်ဝေး၏။
သူတော်ကောင်းတရားကို မသိသော သူမိုက်တို့အတွက် သံသရာဝဋ်ဆင်းရဲသည် ရှည်၏။
The night is long to one who can’t sleep.
A stage (One Yojana distance) is long to a weary traveler.
To fools not knowning virtue, the Samsara (Circle of lives that full of pain and sufferings) is long.
၁၇။ စိတ်သဘောထား ယုတ်ညံ့သူသည် နှမ်းစေ့သဖွယ် သေးငယ်သော သူတစ်ပါး၏ အပြစ်ကို ရှုမြင်တတ်၏။
အုန်းသီးလောက်ကြီးမားသော ကိုယ့်အပြစ်ကိုမူ မရှုမြင်တတ်ချေ။
Evil-minded person notices others’ fault, which is as small as sesamum seed.
But he never sees his own fault which is as big as coconut.
၁၈။ သူမိုက်တို့၏ ချီးမွမ်းခြင်းသည် ဒဏ်ခတ်သည်မည်၏။
ပညာရှိတို့၏ ချီးမွမ်းခြင်းသာလျှင် ကောင်းစွာချီးမွမ်းသည်ဟု ဆိုအပ်၏။
The praise of the foolish amounts to punishment.
The praise of the wise is said to be well praised.
၁၉။ အခိုင်းအစေ ကောင်းမကောင်းကို စေခိုင်းကြည့်ခါမှ သိနိုင်၏။
ဆွေမျိုး ကောင်းမကောင်းကို ဘေးဒုက္ခ ကျရောက်ခါမှ သိနိုင်၏။
မိတ်ဆွေ ကောင်းမကောင်းကို ပစ္စည်းဥစ္စာနည်းပါး ဆုတ်ယုတ်ခါမှ သိနိုင်၏။
မယား ကောင်းမကောင်းကို စည်းစိမ်ကုန်ခါမှ သိနိုင်၏။
A servant can be known good or bad after being assigned a duty.
A relative can be known good or bad when one is in danger.
A friend can be known good or bad when property diminishes.
A wife can be known good or bad when wealth is exhausted.
၂၀။ မီးကိုလည်း အကြွင်းမထားရာ၊
ကြွေးမြီကိုလည်း အကြွင်းမထားရာ၊
ရောဂါကိုလည်း အကြွင်းမထားရာ၊
ထိုသည်တို့ကား အဖန်တလဲလဲ တိုးပွားတတ်သည်ဖြစ်ရာ အကြွင်းမရှိအောင် ပြုရာ၏။
Do not leave remnants of fire,
Do not leave remnants of debt,
Do not leave remnants of disease,
As those may increase many times no remnants should be left.
၂၁။ မိန်းမတို၏ဥစ္စာကား အဆင်းတည်း။
ယောက်ျားတို့၏ဥစ္စာကား အတတ်ပညာတည်း။
ရဟန်းတို့၏ဥစ္စာကား သီလတည်း။
မင်းတို့၏ဥစ္စာကား ရဲမက်ဗိုလ်ပါတည်း။
Beauty is the wealth of woman.
Education is the wealth of man.
Self-restraint is the wealth of a monk.
Armed forces are the wealth of a king.
၂၂။ ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။
မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏။
စစ်သည်ရဲမက်ကို စစ်အောင်ပြီးမှ ချီးမွမ်းရာ၏။
ကောက်နှံစပါးကို ကျီသို့ရောက်မှ ချီးမွမ်းရာ၏။
One should praise meal after being digested.
One should praise wife after she is over age.
One should praise soldier after winning battle.
One should praise paddy after being harvest and stored I ware-house.
၂၃။ နှစ်လင်သုံးလင် ပြောင်းသောမိန်းမ၊
နှစ်ကျောင်းသုံးကျောင်း ပြောင်းသောရဟန်း၊
နှစ်ကြိမ်သုံးကြိမ် ကျော့ကွင်းမှ လွတ်ဖူးသောငှက်၊
ဤသူတို့ကား မာယာများတတ်၏။
The woman, who changes two or three husbands,
The priest, who changes two or three monasteries,
The bird which escape from traps twice of thrice,-
They may have many deceits.
၂၄။ ငြင်းခုံတတ်သည့် အလေ့ရှိသော၊
ငြူစူစောင်းမြောင်း ပြောဆိုလေ့ရှိသော၊
မြင်မြင်သမျှကို လိုချင်တပ်မက်လေ့ရှိသော၊
များစွာချက်ပြုတ်၍ စားတတ်သော၊
လင်ယောက်ျားမစားမီ အဦးအဖျား စားတတ်သော၊
သူတစ်ပါး၏ အိမ်သို့ သွားနေတတ်သည့် အလေ့ရှိသော မိန်မမျိုးကို သားတစ်ရာပင် ရငြားသော်လည်း လင်ယောက်ျားသည် စွန့်ပစ်ရာ၏။
A woman who tends to be-
Quarrelsome,
Slights others,
Craves for all she sees,
Cooks and eats too much,
Has meals ahead of her husband
And visit others and stays there lond should be abandoned, even though she could give birth to a hundred sons.
၂၅။ အကြင်မိန်းမသည်-
စားမှုဝတ်မှုတို့၌ မိခင်ကဲ့သို့ နှစ်သက်ဖွယ် ပြုတတ်လျှင်၊
မမြင်အပ်ရာ၊ ရှက်ဖွယ်ရာ အမှုကိစ္စတို့၌ နှမကဲ့သို့ လွန်စွာရှက်တတ်လျှင်၊
လင်ကို လုပ်ကျွေးပြုစုရာ၌ ကျွန်မကဲ့သို့ ရိုသေစွာပြုတတ်လျှင်၊
ဘေးရောက်သောအခါ တိုင်ပင်ဖော် တိုင်ပင်ဖက်ရလျှင်၊
အိပ်သောအခါ၌ မွေ့လျော်စေတတ်လျှင်၊
ရုပ်ဆင်းအင်္ဂါ တင့်တယ်စွာ ပြုပြင်တတ်လျှင်၊
အမျက်ထွက်သောအခါ၌ သည်းခံတတ်လျှင်၊
မိန်းမမြတ်ဟု ဆိုအပ်၏။
A woman who offers motherly treatment in meals and dresses,
Bashful like a sister,
Respectful like slave in serving the husband,
Offers counsel when in danger,
Gives comfort in bed,
Has propriety I dress and charm,
And forbearing in anger is said to be virtuous.
၂၆။အကြင်အရပ်၌-
နောက်လိုက်မရှိ၊ ခေါင်းဆောင်ချည်းသာများအံ့၊
နာခံသူမရှိ၊ ပညာရှိဆရာ လုပ်လိုသူချည်းသာများအံ့၊
နှိမ့်ချသူမရှိ၊ အကြီးအမြတ်ဖြစ်လိုကြသူချည်းသာဖြစ်အံ့၊
ထိုသူတို့လုပ်သမျှ ကိစ္စအ၀၀သည် ပျက်စီးရတတ်၏။
A place,
Where there are no followers but all are leaders
Who want to act wise with no listener,
To be great with no one humble is bound to see the ruin of whatever is done.
၂၇။ မင်းအစိုးရမည်သည်-
တိုင်းပြည်၏ အခွန်အတုတ် ရမရ၊ မျိုးရိက္ခာပြည့်စုံခြင်းရှိမရှိ ကိုယ်တိုင်သိအောင် ပြုရာ၏။
အမှုထမ်းများ တာဝန်ကျေပွန်အောင် ထမ်းဆောင်ခြင်း ရှိမရှိကိုလည်း ကိုယ်တိုင်သိအောင် ပြုရာ၏။
နှိမ့်ချအရေးယူထိုက်သူများကို နှိမ့်ချအရေးယူ၍ ချီးမြှင့်မြှောက်စားထိုက်သူများကို ချီးမြှင့်မြှောက်စားရာ၏။
Government must be directly in the know-
If revenue is received or not and if seeds and food supplies are sufficient or not,
If those in service are dutiful or not,
If those on whom action must be taken is taken and those worthy of reward are reworded.
၂၈။ အင်အားကြီးမားသော အမိုက်ရန်အပေါင်းကို တစ်ယောက်အားဖြင့် မအောင်နိုင်သော်လည်း ပေါင်းစုခိုင်ကျည် ညီညွတ်သည်ရှိသော် အောင်နိုင်ရာ၏။
မြက်တစ်ပင်တည်း အချည်းနှီးဖြစ်သော်လည်း စုပေါင်း၍ ကျစ်အပ်သည်ရှိသော် ထိုမြက်လွန်ကြိုးသည် ခွန်အားကြီးသော ဆင်ပြောင်ကြီးကိုပင် ဖွဲ့ချည်နိုင်စွမ်း သကဲ့သို့တည်း။
Strong, bad elements cannot be overcome single-handed but by united action.
A blade of a grass is unsubstantial, but many blades made into a rope can bring the strength to tie an elephant.
၂၉။ လေကွယ်ရာအရပ်၌ မီးတောက်သည် ကြီးထားမှုမရှိ ငြိမ်းလေဘိသကဲ့သို့ သစ္စာစောင့်မြဲ သူရဲဗိုလ်ပါတို့၏ အားပေးထောက်ကူမရခဲ့မူ ပြည့်ရှင်မင်း၏ တန်ခိုးသြဇာ အရှိန်အ၀ါသည် အဘယ်မှာလျှင် ကြီးထွားအောင်မြင် ရန်ကင်းစင်အောင် ပြုနိုင်ပါမည်နည်း။
Just as a flame cannot thrive but die in a place deprived of wind, a ruler without the backing of faithful retinue cannot cause success and prosperity.
၃၀။ မိန်းမ၌ တပ်မက်လွန်ကြူးမူ သိက္ခာမရှိနိုင်။
သူ့အသက် သူ့အသား အစားလွန်ကြူးမူ အသနားမရှိနိုင်။
အရက်သေစာ အသောက်အစား လွန်ကြူးမူ စကားမမှန်နိုင်။
လောဘရမ္မက်ကြီးလွန်းမူ အရှက်မရှိနိုင်။
အပျင်းကြီးလွန်းမူ အတတ်ပညာ မဆည်းပူးနိုင်။
The over-sexed has no honour.
The over-carnivorous has no pity.
The over-imbibed has no truthful word.
The over-avariced has no shame.
The over-lazy has no education.
၃၁။ ပညာရှိတို့သဘောကား-
ကျရောက်လတ္တံ့သောဘေးကို တွေ့မြင်လျှင် အဝေးကပင် ရှောင်တတ်၏။
မျက်မှောက်ဒိဋ္ဌ ကြုံတွေ့ရသောဘေးကိုမူကား ကြောက်ရွံ့မရှိ ရဲရင့်စွာ ရင်ဆိုင်ဖြေရှင်းတတ်ပေ၏။
The nature of the wise-
Avoids imminent danger when he sees it.
Courageously unravels the danger that befalls.
၃၂။ မောဟဖိစီး အအိပ်ကြီးသူ၊
သတိယွင်းပေါ့ မေ့လျော့သူ၊
အချောင်ခို၍ သက်သာမှုကို နှစ်သက်လိုသူ၊
ရောဂါစွငြိ အနာရှိသူ၊
လုံ့လမရှိ ပျင်းရိသူ၊
လောဘသက်သက် အလိုရမ္မက်ကြီးသူ၊
အမှုကိစ္စကို လက်စမသတ် ပြီးပြတ်အောင် မလုပ်တတ်သူ၊
ဤခုနှစ်ဦးတို့သည်ကား စာပေကျမ်းဂန်နှင့် ကင်းဝေးကြကုန်ရာ၏။
Those fond of sleep,
Those absent-minded,
Those who shirk,
Those who are diseased,
Those who are lazy,
Those who are avaricious,
Those who leave work half done
Do not find their way to books (literature).
၃၃။ လယ်ယာလုပ်ငန်း စိမ်းလန်းဝေဆာ တိုးပွားခြင်း၊
အရောင်းအ၀ယ် ကုန်သွယ်စီးပွား စည်ကားတိုးတက်ခြင်း၊
အရာထမ်း အမှုထမ်းတို့ ရွှင်လန်းကြည်သာ ကျေပွန်စွာ တာဝန်ထမ်းဆောင်ကြခြင်း၊
သာသနာတော်ထမ်း ရဟန်းသာမဏေတို့ မပင်မပန်း ဆွမ်းပန်းပြည့်စုံ သီလလုံခြုံမှုရှိခြင်း၊
ဤလေးပါးသော အခြင်းအရာတို့သည်ကား တိုင်းကားပြည်ရွာ သာယာဖွံ့ဖြိုးတိုးတက်ခြင်း၏ အကြောင်းလက္ခဏာပေတည်း။
Thriving of agriculture
Prosperity of commerce
Pleasant dutifulness of employees
Monks and novices, well-provided, can practice Dhamma without worry.
These are four characteristics of a nation’s wellbeing and development.
၃၄။ လူတော်လူကောင်းတို့သည် ပြုဖွယ်ကိစ္စမှန်သမျှကို လုံ့လစိုက်ထုတ် အားသွန်ကြိုးပမ်း စွမ်းစွမ်းတမံ ဆောင်ရွက်တတ်ကြကုန်၏။
ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်ခဲ့လျှင်လည်း ကဲ့ရဲ့ငြိုငြင် ပြစ်တင်ဒေါသ အဘယ်မှာလျှင် ခံရဖွယ်ရှိအံ့နည်း။
The good and diligent put their energies into whatever they do.
If all endeavors arrive at no fruitful end, no blame or anger is placed on the outcome.
၃၅။ သူယုတ်မာကို အချစ်မလွန်ရာ။
သူယုတ်မာသည် ထိပ်တင်ခေါင်းရွက် မြှောက်စားခံရသော်လည်း မချေမငံ ဆူဆူညံညံ ပြုတတ်၏။
Do not love the unvirtuous too much.
Even though praised highly, the wicked may act impolitely and boisterously.
၃၆။ မြွေသည် အမျက်လွန်၏။
မြွေထက် သူယုတ်မာသည် ပို၍ အမျက်လွန်၏။
မြွေကို မန္တာန်ဆေးဝါးဖြင့် ငြိမ်းစေနိုင်သော်လည်း သူယုတ်မာကို ငြိမ်းစေနိုင်သည့် ဆေးမရှိချေ။
The snake is extreme in anger.
The wicked is more furious than the snake.
Though the snake can be subdued by charm and drugs , there is no remedy for subduing of the wicked.
၃၇။ မိမိမိုက်လျက် မိုက်မှန်းသိသူကို ပညာရှိဟု ဆိုအပ်၏။
မိမိမိုက်လျက် ပညာရှိဟု အထင်ရောက်သူကိုမူ သူမိုက်ဟု ဆိုအပ်၏။
One who knows himself of his foolishness, may be said to be the wise.
One who thinks of himself as the wise even though he is foolish may be said to be the foolish.
၃၈။ သူမိုက်သည် သူပြုခဲ့သော မကောင်းမှုများ အကျိုးမပေးသေးသမျှ အကုသိုလ်ကို ပျားရည်ဟု တွေးထင်တတ်၏။
သူပြုသောမကောင်းမှုကြောင့် ဆိုးကျိုးများ ကျရောက်ချိန်တွင်မူကား ဆင်းရဲဒုက္ခ ရောက်ရတော့၏။
The foolish thinks his evil deeds as honey so long as there occurs no due results for his evil deeds.
When bad results occured due to his evil deeds, then he gets into trouble.
၃၉။ လူမိုက်သည် ခွန်အားရှိလျှင် သူတစ်ပါး ဥစ္စာကို အနိုင်အထက် လုယူတတ်၏။
ပညာနည်းသော ထိုသူမိုက်သည် သေလွန်ပြီးသော် ငရဲသို့ ရောက်ရ၏။
The fool, if he is stronger, may plunder others possessions by force.
After death that fool of less knowledge lands in hell.
၄၀။ အိမ်ယာထောင်ထား အကြင်ယောကျာ်းသည် ပျင်းရိမူမကောင်း။
ရဟန်းသည် ကိုယ်နှုတ်နှလုံးကို စောင့်ထိန်းခြင်းမရှိမူ မကောင်း။
မင်းအစိုးရသည် မဆင်မခြင် ပြုလေ့ရှိလျှင်မကောင်း။
ပညာရှိသည် အမျက်ထွက်တတ်မူမကောင်း။
A family man who is lazy is not good.
A monk who does not control thought, world and deed in unvirtuous.
An authority who acts wantonly is not good.
A sage, given anger is not good.
၄၁။ မင်းအစိုးရမည်သည် -
တိုင်းပြည်၏ အခွန်အတုတ်ရမရ၊ မျိုးရိက္ခာ ပြည့်စုံခြင်းရှိမရှိ ကိုယ်တိုင်သိအောင် ပြုရာ၏.
အမှုထမ်းများ တာဝန်ကျေအောင် ထမ်းဆောင်ခြင်း ရှိမရှိကိုလည်း ကိုယ်တိုင်သိအောင်ပြုရာ၏။
နှိမ့်ချ အရေးယူထိုက်သူများကို နှိမ့်ချ အရေးယူ၍ ချီးမြှောက်စားထိုက်သူများကို ချီးမြှောက်စားရာ၏။
Government must be directly in the know-
If revenue is received or not and if seeds and food supplies are sufficient or not.
If those in service are dutiful or not.
If those on whom action must be taken is taken and those worthy of reward are reward.
၄၂။ ဥစ္စာမရှိဘဲ အစားမကြူးရာ။
ခွန်အားမရှိဘဲ အသတ်အပုတ် မကြိုက်ရာ။
ပညာမရှိဘဲ စကားများစွာ မဆိုရာ။
Without wealth, be not excessive in eating.
Without strength, love not fighting.
Without learning, speak not too much.
၄၃။ မဖိတ်ခေါ်ဘဲ သူတစ်ပါး အိမ်သို့ ကြိမ်ဖန်များစွာ မသွားရာ။
သူမမေးဘဲ များစွာ မပြောရာ။
မိမိဂုဏ်ကို ထုတ်ဖော် ၀ါကြွားပလွှားခြင်း မပြုရာ ။ (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်)
Don't visit another's house frequently without being invited.
Don't talk too much without being asked.
Don't extol and boast of oneself.
(Don't blow one's own trumpet.)
၄၄။ ရေမပြည့်သော အိုးသည် ဘောင်ဘင် ခတ်တတ်၏။
ပညာနည်းသော သူသည် ထင်ရှားပြတတ်၏။
A half-empty vessel makes more sound.
A person not fully educated tends to show off.
၄၅။ သမုဒ္ဒရာသည် ရေ၌ မရောင့်ရဲ။
မျက်စိသည် ချစ်သောသူကို မြင်ခြင်း၌ မရောင့်ရဲ။
ပညာရှိသည် စကားကောင်း၌ မရောင့်ရဲ။
The ocean is not contented in receiving water.
The eye is not contented in seeing the beloved.
The wise is not contented in good speech.
၄၆။ စစ်မြေပြင်အရပ်၌ ရဲရင့်သူကို အလိုရှိ၏။
လှို့ဝှက်သော ကိစ္စ၌ နှုတ်လုံသူကို အလိုရှိ၏။
စားကောင်းသောက်ဖွယ် စားသောက်ရချိန်၌ ချစ်ခင်သူကို အလိုရှိ၏။
ခက်ခဲနက်နဲသော အရေးကိစ္စကြုံတွေ့ရချိန်၌ ပညာရှိကို အလိုရှိ၏။
သူယုတ်မာသည် သူတော်ကောင်းကို တွေ့မြင်လျှင် ချုပ်ချယ် ညှဉ်းဆဲ ခြင်း ပြုလို၏။
On the Battlefield the brave are wanted.
In secret matters one who keeps his tongue is wanted.
At a feast , one loved is wanted.
In difficult and profound matters one learned is wanted.
The wicked on seeing the virtuous wants to oppress and persecute him.
၄၇။ အမှုကိစ္စဟူသမျှကို အလျင်စလို မပြုရာ၊ အလျင်စလို ပြုခဲ့သော် နောင်မှ ပူပန်ရတတ်၏။
ကျဉ်းမြောင်း၍ မစင်အတိ ပြီးသော နေရာ၌ နေရခြင်းသည် ဆင်းရဲ၏။
ထို့ထက် မချစ်မနှစ်သက်သော သူနှင့် အတူတကွနေရခြင်းသည် ပို၍ ဆင်းရဲ၏။
ထိုထက် သူ့ကျေးဇူးကို မသိတတ်သူနှင့်နေရခြင်းက ပို၌ ဆင်းရဲ၏။
Nothing should be done in haste. If it is done hastily one could worry later.
Staying in a narrow place full of faeces is suffering.
More so is staying together with one hated.
Still more so is staying together with the ungrateful.
၄၈။ ဆုံးမသင့်သည်ကို အမြဲ ဆိုဆုံးမရာ၏
ယုတ်မာသော အကျင့်ကိုလည်း တားမြစ်ရာ၏
ထိုသို့ ဆုံးမ တားမြစ်တတ်သူကို သူတော်ကောင်းတို့ နှစ်သက်လိုလားကြာ၏ ။ သူယုတ်မာတို့ကား မနှစ်သက်ကြချေ။
Always admonish where it is due.
Deter wicked ways.
One who does so is liked by the virtuous , but disliked by the wicked.
၄၉။ ဆိုးသွမ်းယုတ်မာသူကို ရိုက်ပုတ်ဒဏ်ခတ်ခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
မကောင်းသော အဆွေခင်ပွန်းကို အဆက်အဆံ မပြုလုပ်ဘဲနေခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
မကောင်းသော မားကို ငွေကြေးဥစ္စာမအပ်နှင်းခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
အစားအစာ တပ်မက်လွန်ကျူးသူကို အစားလျှော့၍ ကျွေးခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
The wicked may be tamed by beating,
The bad friend by quitting,
The bad wife by not giving wealth,
The greedy by reduction of food.
၅၀။ လရောင်မှ ကင်းသော ညသည် မတင့်တယ်။
လှိုင်းတံပိုးမှ ကင်းသော သမုဒ္ဒရာသည် မတင့်တယ်။
ဟင်္သာမှ ကင်းသော ရေကန်သည် မတင့်တယ်။
လင်မှကင်းသော သတို့သမီးသည် မတင့်တယ်။
The night without moon is disgraceful.
The ocean without waves is disgraceful.
The pond without ducks (Hamza) is disgraceful.
The maiden without husband is disgraceful.
၅၁။ ဖုန်းတောင်းယာစကာများအဖို့ နေ့ရောညပါ အိပ်စက်ကြစေကာမူ ၊
သာမန် ရပ်သူရွာသားများ အဖို့ ညဥ့်သုံးယာမ်စလုံး အိပ်စက်ကြစေကာမူ၊
မှူးမတ် ပညာရှိများသည်ကား ညဥ့်သုံးယာမ်တွင် နှစ်ယာမ်သာလျှင် အိပ်စက်ရာ၏၊
ပြည့်ရှင်မင်းသည်ကား ညဥ့်သုံးယာမ်တွင် တစ်ယာမ်သာလျှင် အိပ်စက်ရာ၏
Though beggars sleep day and night,
The commons sleep the entire night,
The ministers and the wise may sleep two watches,
And the king but one.
၅၂။ ပစ္စည်း ဥစ္စာကြွယ်ဝချမ်းသာသူလည်း မရှိသော၊
အကြားအမြင်နှင့် ပြည့်စုံသူ ပညာရှိသူလည်း မရှိသော၊
အုပ်စိုးသူမင်းအစိုးရလည်းမရှိသော၊
မြစ်ကြောင်းကန်ချောင်းလည်းမရှိသော၊
ဆေးဝါးသမားလည်းမရှိသော၊
ဤအရပ်ဒေသမျိုးတွင် တစ်နေ့တစ်ရက်မျှ အခြေချမနေအပ်။
One should not live even a day in a place-
Without the wealthy,
Without the learned,
Without government,
Without rivers,
Without medicines and physicians.
၅၃။ မြတ်နိုးသူမရှိသော အရပ်၊
ချစ်ခင်သူမရှိသောအရပ်၊
အဆွေခင်ပွန်းမရှိသောအရပ်၊
အတတ်ပညာ သင်ကြားပေးသူ မရှိသောအရပ်၊
ထိုအရပ်မျိုး၌ တစ်နေ့တစ်ရက်မျှ မနေအပ်။
One should not stay even a day in a place.
Without person adored,
Without person attached,
Without relative,
Without teacher.
၅၄။ ယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့ သူမိုက်သည် ပညာရှိအား အသက်ထက်ဆုံး ဆည်းကပ်သော်လည်း သူတော်ကောင်းတရားကို မသိချေ။
လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့ လိမ္မာရေးခြားရှိသူသည် ပညာရှိအား တစ်ခဏမျှ ဆည်းကပ်ရမူ သူတော်ကောင်းတရားကို လျင်မြန်စွာ သိ၏။
Just as the ladle know not the taste of the curry, the foolish knows not Dhamma, even though close to the wise for life.
Just as the tongue knows the taste of the curry, so also does the clever one know the Dhamma promptly, even by associating shortly with the wise.
၅၅။ လက်နက်မပါဘဲ စစ်မြေသို့ မသွားရာ။
ကျန်းဂန် အထောက်အထား မရှိဘဲ စကားမဆိုရာ။
အဖော်မပါဘဲ ခရီးဝေးမသွားရာ။
Go not to the battle field without arms.
Speak not without references to treatises.
Travel not afar without companion.
၅၆။ အရေးအခွင့် ရောက်သည်နှင့် လျော်ကန်သော စကားကို ပြောဆိုရာ၏။
ကိုယ်နှင့် လျောက်ပတ်သော ချစ်အပ်သူကို ရှာရာ၏။
Speak appropriately when opportune.
Fine one who is suited and should be loved.
၅၇။ သူတော်ကောင်းတို့၏ ဥစ္စာသည် နည်းပင်နည်းငြားသော်လည်း တွင်းမှရသော ရေချိုကဲ့သို့ သူတစ်ပါးတို့ သောက်သုံးမှီခိုရ၏ ။
မသူတော်တို့ ဥစ္စာသည်ကား များပင်များငြားသော်လည်း သမုဒ္ဒရာ ရေကဲ့သို့ သောက်၊ သုံး မှီခိုရာမရနိုင်.။
Little as the wealth of the virtuous may be, it can be used as good water from a well.
But much as the wealth of the nonvirtuous can be not useful as water from the ocean.
၅၈။ မြစ်တို့သည် ရေကို မသောက်ကုန်။
သစ်ပင်တို့သည် အသီးကို မစားကုန်။
သူတော်ကောင်းတို့၏ ဥစ္စာသည်လည်း သူတစ်ပါးတို့၏ အကျိုးအတွက် ဖြစ်၏။
Rivers do not drink water.
Trees do not eat fruit.
The wealth of the virtuous is for the benefit of others.
၅၉။ မတောင့်တအပ်သည်ကို မတောင့်တရာ။
မကြံစည်အပ်သည်ကို မကြံစည်ရာ။
တရားသဖြင့်သာလျှင် ကောင်းစွာ ကြံစည်ရာ၏။
အချိန်ကို အချည်းနှီးအလဟသာ မကုန်ဆုံးစေရာ။
Crave not for what should not.
Think not for what should not.
Think well in just way.
Do not pass away the time in futility.
၆၀။ သစ်ပင်၏အရိပ်သည် အေးချမ်း၏
ထိုထက် ဆွေမျိုးမိဘအရိပ်က ပို၍ အေးချမ်း၏
ထိုထက် ဆရာသမားအရိပ်က ပို၍ အေးချမ်း၏
ထိုထက် မြတ်စွာဘုရား အရိပ်က အဆများစွာသာလွန် အေးချမ်း၏
The refuge of the tree is cool.
Even more is the refuge of parents and relatives.
Even more is the refuge of the teacher.
Far more is the refuge of Buddha.
၆၁။ ပျားပိတုန်းတို့သည် ပန်းကို အလိုရှိကုန်၏
သူတော်ကောင်းတို့သည် ဂုဏ်ကျေးဇူးကို အလိုရှိကုန်၏
ယင်ကောင်တို့သည် အပုပ်ကို အလိုရှိကုန်၏
သူယုတ်တို့သည် အမျက်ဒေါသကို အလိုရှိကုန်၏
Bees want flowers.
The virtuous want virtue.
Flies want the putrid.
The wicked want anger.
၆၂။ အမိအဘတို့၏ အဆုံးအမကို မရမူ ကိုနှုတ်အမူအရာ ကြမ်းတမ်း၏
အမိအဘတို့၏ အဆုံးအမကို ကောင်းစွာရမူ ကိုယ်နှုတ် အမူအရာ လိမ္မာယဉ်ကျေး၏
Deprives of parental teachings, one tends to be harsh in words and deeds.
Benefited by parental teachings one is gentle in words and deeds.
၆၃။ အမျက်ဒေါသကို ဖြေဖျောက်နိုင်လျှင် စိုးရိမ်ခြင်း ကင်းရ၏
သူ့ကျေးဇူးကို ဆိုတတ်လျှင် သူတော်ကောင်းတို့ ချီးမွမ်းကုန်၏
ကြမ်းကြုတ်သော စကားကို သည်းခံခြင်းသည် မြတ်၏
Dissolving anger frees one from worry.
Expressing one's gratitude is praised by the virtuous.
Tolerating rude words is virtuous.
၆၄။ မိန်းမ၌ တပ်မက်လွန်ကြူးမူသိက္ခာ သီလမရှိနိုင်။
သူ့အသက် သူ့အသား အစားလွန်ကြူးမူ အသနားမရှိနိုင်။
အရက်သေစာ အသောက်အစားလွန်ကြူးမူ စကားမမှန်နိုင်။
လောဘရမ္မက် ကြီးလွန်းမူ အရှက် မရှိနိုင်။
အပျင်းကြီးလွန်းမူ အတတ်ပညာ မဆည်းပူးနိုင်။
The over-sexed has no honour.
The over-carnivorous has no pity.
The over-imbibed has no truthful world.
The over-avariced has no shame.
The over-lazy has no education
၆၅။ ဥစ္စာစည်းစိမ် ပျက်စီးဆုံးရှုံးရခြင်း၏ အကြောင်းရင်းတို့သည်ကား -
အရက်သေစာ အသောက်အစားလွန်ကြူးခြင်း။
အချိန်အခါမဟုတ် အလည်အပတ်အသွားအလာများခြင်း။
သဘင်ပွဲလမ်း အပျော်အပါး အသွားအလာများခြင်း။
အလောင်းအစား ကစားများခြင်း ။
မကောင်းသော အဆွေခင်ပွန်းတို့၌ အပေါင်းအဖော်များခြင်း။
ထကြွလုံ့လမရှိ ပျင်းရိဖင့်နွဲ့ခြင်း ။
- တို့ပေတည်း။
The causes of ruin are-
Over-intoxication.
Over- indulgence in untimely visits.
Over-enjoyment of entertaining pleasure.
Over-gambling.
Over-association with the bad.
Over-procrastination and laziness.
၆၆။ တတ်လှစွာသော စောင်းသမားသည် စောင်းနှင့်ငါးရက် ကင်းကွာမူ စောင်းတီးပျက်တတ်၏။
တတ်လှစွာသော လေးသမားသည် လေးနှင့် ခုနှစ်ရက် ကင်းကွာမူ လေးမြားချိန်သား ပျက်တတ်၏။
အိမ်သူမယားကောင်းသည် လင်နှင့် တစ်လကင်းကွာမူ အမူအကျင့်ဖောက်ပြားတတ်၏။
တပည့်တို့သည်ကား ဆရာနှင့် တစ်လခွဲမျှ ကင်းကွာမူ ပညာရည်ပျက်တတ်၏။
A good harpist may lose skill after separation of five days from harp.
A good archer may lose skill after separation of seven days from bow.
A good wife may lose in the haviour after separation of one month from her husband.
Pupils may lose in qualification after separation of about half a month from teacher.
၆၇။ ကျွဲသည် ရွံ့ညွန်၌သာ မွေ့လျော်၏။
ဟင်္သာသည် ရေကန်၌သာ မွေ့လျော်၏။
မိန်းမသည် ယောကျာ်း၌သာ မွေ့လျော်၏။
ရဟန်းသည် တရား၌သာ မွေ့လျော်၏။
Buffalo delights in mud.
Duck delights in pond.
Woman delights in man.
Priest delights in virtue. (Dhamma)
၆၈။ ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။
မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏။
စစ်သည် ရဲမက်ကို စစ်အောင်ပြီးမှ ချီးမွမ်းရာ၏။
ကောက်နှံစပါးကို ကျီသို့ရောက်မှ ချီးမွမ်းရာ၏။
One should praise meal after being digested.
One should praise wife after she is over age.
One should praise solider after winning battle.
One should praise paddy after being harvest and stored in ware-house.
၆၉။ စာပေကျမ်းဂန်မန္တာန်ဂါထာတို့သည် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း မပြုလျှင် ပျောက်ပျက်တတ်၏။
ထကြွလုံ့လ ၀ီရိယမရှိလျှင် စည်းစိမ်ဥစ္စာသည် ဆုတ်ယုတ်ကုန်ခန်းတတ်၏။
Scriptures and mantras not recited get lost.
Wealth, without being industrious may diminished and perish.
၇၀။ အဆင်းလှသူအတွက် ပျင်းရိခြင်းသည် အညစ်အကြေးတည်း။
တရား အားထုတ်သော ရဟန်းအတွက် မေ့လျော့ခြင်းသည် အညစ်အကြေးတည်း။
Laziness is a taint to good appearance.
Forgetfulness is a taint to the ascetic.
၇၁။ လုံ့လမရှိသော သူတို့၏ ဥစ္စာကား လုံ့လကြီးသူတို့ထံ ဧကန်မလွဲရောက်မြဲဖြစ်၏။
လူပျင်းလူညံ့ တို့သည်ကား အပတ်တကုတ် အားမထုတ်ပဲ ရှေးအတိတ်ကံသာ အားကိုးရာ ပဓာနဟု ဆိုစမှတ်ပြုကြကုန်၏။
The property of the non-industrious will inevitably get into the hands of the in dustrious.
The lazy and stupid usually say that previous fate alone is enough to rely on without making any effort.
၇၂။ လူတော်လူကောင်းတို့သည် ပြုဖွယ်ကိစ္စ မှန်သမျှကို လုံ့လစိုက်ထုတ်အားထုတ်ကြိုးပမ်း စွမ်းစွမ်းတမံ ဆောင်ရွက်တတ်ကြကုန်၏။
ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်ခဲ့လျှင်လည်း ကဲ့ရဲ့ငြိုငြင် ပြစ်တင်ဒေါသ အဘယ်မှာလျှင် ခံရဖွယ်ရှိအံ့နည်း။
The good and diligent put their energies into what ever they do.
If all endeavours arrive at not fruitful end, no blame or anger is placed on the outcome.
၇၃။ အနာသည် မိမိကိုယ်၌ဖြစ်လျှက် မိမိအကျိုးကို မရွက်ဆောင်။
ဆေးပင်ဆေးရွက်သည် တော၌ဖြစ်လျှက် အကျိုးကိုဖြစ်စေနိုင်၏။
Disease, though arising in the body does not bring benefit.
Herbs though growing in the forest can be beneficial.
၇၄။ ကိုယ့်အကျိုးစီးပွားကို ရွက်ဆောင်မူသူစိမ်းပင် ဖြစ်လင့်ကစား အဆွေအမျိုးဟု မှတ်ယူရာ၏။
ကိုယ့်အကျိုးစီးပွားကို မရွက်ဆောင်လျှင် မိတ်ဆွေရင်းချာပင်ဖြစ်လင့်ကစား သူစိမ်းဟု မှတ်ယူရာ၏။
If one brings benefit, a stranger may be considered as relative.
If one does not confer benefit, even though he is close relative, may be considered a stranger.
၇၅။ မျက်ကွယ်၌ သူ့ကျေးဇူးကို ချေဖျက်တတ်ပြီး ရှေ့တွင်မူ ချိုချိုသာသာ စကားဆိုတတ်သူကို အဆိပ်အိုးမှ ပျားရည်ကို ရှောင်ကြဉ်သကဲ့သို့ ရှောင်ကြဉ်ရာ၏။
Showing in gratitude in the absence, being sweet in the presence such a person should be shunned just like shunning the honey in a pot of poison.
၇၆။ ဥစ္စာ စီးပွားပျက်လျှင် မိတ်ဆွေ၊ သားမယား ၊ ညီအစ်ကို မောင်နှမများသည်ပင် စွန့်ခွာတတ်၏။
ဥစ္စာ ရှိသူကိုသာ မှီခို ပေါင်းသင်းလိုကြ၏။
လောက၌ စီးပွား ဥစ္စာသည် ခင်ပွန်းကြီးဖြစ်၏။
If wealth is lost, friends, son and wife, brothers and sisters may leave away.
They want to associate only to the rich.
Wealth in the world is a great friend
၇၇။ သူတော်ကောင်းတို့ကိုသာ ပေါင်းဖော်ရာ၏ . . .
သူတော်ကောင်းတရားကို သိရ၍ မြင့်မြတ်၏. . .
Associate only with the virtuous.
Knowing Dhamma from the virtuous is virtuous.
၇၈။ သူယုတ်မာတို့နှင့် ပေါင်းဖတ်ခြင်းကို စွန့်လွှတ်လော့ . . .
သူတော်ကောင်းကို ပေါင်းဖက်အပ်သူကို သာ ဆည်းကပ်လော့ . . .
ကုသိုလ်ကောင်းမှုကို အစဉ်အမြဲ ပြုလော.့ . .
မမြဲသော အဖြစ် (သင်္ခါရတရား) ကို အစဉ်အမြဲ အောက်မေ့ဆင်ခြင်လော့ . . .
A bandon association with the wicked.
Approach only the virtuous who should be associated with
Always do good deeds.
Always be mindful of the law of
impermanence (Sandhara Dhamma).
၇၉။ သူယုတ်တို့သည် ရေသဖန်းသီးမှည့်နှင့် တူ၏ အပြင်ပန်းအားဖြင့် အဆင်းရှိသော်လည်း အတွင်း၌ မူကား ပိုးလောက်များဖြင့်သာ ပြည့်ကုန်၏. .
The wicked are like ripe figs goodlooking outside but full of worms inside.
၈၀။ ပိန္နဲသီးမှည့်တို့သည် ပြင်ပ၌ဆူးများ ရှိသော်လည်း အတွင်းအရသာမူကား ချိုမြိန်လှပေ၏. .
သူတော်ကောင်းတို့၏ စိတ်နှလုံးသည်လည်း ထို့အတူပင်ဖြစ်၏. . .
Though jack fruits have thorns outside the taste is sweet.
So also are the hearts of the virtuous
၈၁။ ပညာရှိသူတော်ကောင်းသည် ဘေးဒုက္ခဆင်းရဲသို့ ကျရောက်ငြားသော်လည်း သူတော်ကောင်း တရားကို မစွန့်.
The wise and virtuous does not abandon virtue even when in trouble.
၈၂။ င်္ခြသေ့တို့မည်သည် ငတ်မွတ်ဆာလောင်သော်လည်း မြက်သစ်ရွက်ကိုမူ မစား. . .
ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်းရဲဒုက္ခကြုံရသော်လည်း မကောင်းမှုဒုစရိုက်ကို လက်မခံ အကျင့်သီလကို စောင့်ထိန်းကြကုန်၏
Lions, though hungry will not eat grass.
The learned and virtuous though faced with poverty will not accept badness but always upholds virtue
၈၃။ မျက်မာန်ဒေါသကြီးသူကို ရန်တုံ့မပြန် သည်းခံခြင်းဖြင့် အောင်နိုင်ရာ၏.
မတော်မမှန်အကောက်ဥာဏ် သုံးတတ် သူကို တော်တည့်ဖြောင့်မှန်စွာ ကျင့်သုံး ခြင်းဖြင့် အောင်နိုင်ရာ၏.
ကောက်ကျစ်ဝန်ကို မပေးလိုသော သူကို ပေးကမ်း စွန့်ကြဲခြင်းဖြင့် အောင်နိုင်ရာ၏.
မဟုတ်မှန် ဖောက်ပြန်စွာ စကားဆိုတတ်သူကို ဟုတ်တိုင်းမှန်ရာ ဖြောင့်မှန်စွာ ပြောဆိုခြင်းဖြင့် အောင်နိုင်ရာ၏.
The violent can be overcome by forbearance.
The crooked can be overcome by being straight forward.
The miserly can be overcome by lavishing.
Those given to concoctions can be overcome by truth.
၈၄။ ကျွေးမွေးပေးကမ်းခြင်းသည် မယဉ်ပါးသူကို ယဉ်ပါးစေနိုင်၏ ခပ်သိမ်းသော အကျိုးကိစ္စကိုလည်း ပြီးစေနိုင်၏.
ကျွေးမွေးပေးကမ်းခြင်း၊ ချစ်ဖွယ်စကားဆိုခြင်း သူတစ်ထူအပေါ်သာလွန်နိုင်၏. အများ၏ရိုသေလေးစားမှုကို လည်းရယူနိုင်၏.
The unruly may be tamed by feeding and giving and all benefits gained.
And edge may be gained by sweet words and subservience of others may also be attained.
၈၅။ ဤလောက၌-
ပေးကမ်းခြင်းသည် အချစ်ဆေးဖြစ်၏. . အဆွေခင်ပွန်း အခြံအရံများစေ၏.
နှမြောတွန့်တိုဝန်တိုခြင်းသည်ကား အမုန်းဆေးမည်၏. အခြံအရံမဲ့ အထီးကျန် ဘ၀သို့ ရောက်စေတတ်၏.
In this word-
Generosity is the potion of love. Can bring forth many to wait upon you.
Frugality is the potion of hate. Can leave you unattended.
၈၆။ လောက၌ အသက်ရှင်လျက်သေသူဟု ဆိုအပ်သောသူငါးယောက်တို့ကား -
- အလွန်အမင်းဆင်းရဲခြင်းနှင့် ဒုက္ခိတဘ၀ရောက်ရသူ
- နာတာရှည် ရောဂါဝေဒနာ ဖိစီးနှိပ်စက်ခံရသူ
- ကြောင်းကျိုးမှားမှန် ဧကန်မသိ မိုက်မဲခြင်းကြီးလှသူ
- ဥစ္စာချေးငှား၊ များစွာ ကြွေးမြီ ထူပြောသူ
- မင်းဝယ် ကိုယ်ကြပ်ခစားထမ်းရွက်ရသူ
- The disabled and extreme poverty,
- the long-term infirm,
- the foolish who knows not what is good or bad,
- the one who owes others enormously,
- the one who has to serve the king closely, may be considered lifeless thought alive.
၈၇။ ပညာရှိတို့သဘောကား -
- ကျရောက်လတ္တံ့သော ဘေးကို တွေ့မြင်လျှင် အဝေးကပင် ရှောင်တတ်၏။
- မျက်မှောက်ဒိဌ ကြုံတွေ့ရသော ဘေးကိုမူကား ကြောက်ရွံ့မရှိ ရဲရင့်စွာရင်ဆိုင် ဖြေရှင်းတတ်ပေ၏။
The nature of the wise -
- A voids imminent danger when he sees it.
- Courageously unravels the danger befall.
၈၈။ လောက၌ကျောက်ထီးသည်လေး၏
- ထို့ထက် ဆရာမိဘတို့ အဆုံးအမသြ၀ါဒက ပို၏လေး၏
- အရာရာတို့ထက် မြတ်စွာဘုရား၏ တရားစကားသည်ကား အလေးဆုံး အမြတ်ဆုံးဖြစ်၏။
- Weighty is a stone umbrella.
- Weightier still are the words of elders.
- Weightiest and noblest of them all are the words of Buddha.
၈၉။
* မကောင်းသော အရပ်။
* မကောင်းသော မိတ်ဆွေ။
* မကောင်းသော အမျိုးအနွယ်။
* မကောင်းသော ဆွေမျိုးခင်ပွန်း။
* မကောင်းသော မယား။
* မကောင်းသော ကျေးကျွန်။
ဤ သူတို့ကို ဝေးစွာ စွန့်ပစ်ရာ၏.
* A bad place ,
* A bad friend,
* A bad descendent,
* A bad relative,
* A bad wife,
* A bad servant,
All these should be abandoned.
၉၀။ အကြင်အပေါင်းအဖော်သည် -
* ရောဂါဝေဒနာ ကျရောက်စွဲကပ်သော အခါ၌ လည်းကောင်း ၊
* ငတ်မွတ်ခေါင်းပါး ဘေးဒုက္ခရောက်သော အခါ၌ လည်းကောင်း ၊
* ဥစ္စာစည်းစိမ် ဆုံးရှုံးပျက်စီးသော အခါ၌ လည်းကောင်း ၊
* ရန်သူဖမ်းဆီးခြင်းခံရသော အခါ၌ လည်းကောင်း ၊
* တရားရုံးများ၌ အမှုကိုရင်ဆိုင်ရသော အခါ၌ လည်းကောင်း ၊
* နာရေးကိစ္စ ဈာပနနှင့်ကြုံရသော အခါ၌ လည်းကောင်း ၊
မိမိနှင့်အတူရပ်တည်ပေ၏. ထိုသူသည် အဆွေခင်ပွန်းကောင်းမည်၏။
He who stands together-
* When disease strikes,
* When hunger strikes,
* When impoverished,
* When captured by enemy,
* When having to face the court,
* When there is death in the home,
Such a companion is a true friend.
၉၁။
* အများအကျိုးအတွက် တစ်စုံတစ်ယောက်၏ အကျိုးကို စွန့်၍ ဆောင်ရွက်ရာ၏။
* ပြည်ရွာတိုင်းကျိုး အမျိုးသားအကျိုးအတွက်ကိုမူကား အရာရာကို စွန့်၍ ဆောင်ရွက်ရာ၏။
* For the good of all, an individual's interest should be overlooked.
* For the good of the nation and the people all other interests should be overlooked.
၉၂။
* မိမိအတွက် အကျိုးမပြုသည့် အရပ်ဒေသကို ရှောင်ကြဉ်ရာ၏။
* သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အကျိုးဖြစ်ထွန်းမည့် အရပ်ဒေသကို ရှာကြံရာ၏။
* နေရာသစ်၌ အကျိုးဖြစ်မဖြစ် တွက်စစ်သေချာ မလေ့လာ မစူးစမ်းဘဲနေရာဟောင်းကို မစွန့်ခွာရာ။
* One should avoid a place which brings no benefit.
* One should seek a place of benefit.
* One should not abandon the old place recklessly without knowing the condition of the new.
၉၃။
* မိတ်ဆွေစစ် ခင်ပွန်းကောင်းသည် အရင်းမှာ အဖျားတိုင်အောင် ချိုသော ကြံ၏သဘောနှင့် တူ၏။
* မိတ်ဆွေ အတုအယောင်သည်ကား အရင်းပိုင်းသာချို၍ အဖျားရောက်သော် ရသာပေါ့ပျက် အချိုရည်မထွက်သော ကြံ၏ သဘောနှင့်တူ၏။
* A good friend is like a sugar-cane which is sweet from stem to top.
* A bogus friend is like a sugar-cane that is sweet only at the stem but loses its taste at the top.
၉၄။ ပထမအရွယ်ပညာရှာ၊
ဒုတိယအရွယ် ဥစ္စာရှာ၊
တတိယအရွယ် တရားရှာ။
Pursue education in early age.
Pursue wealth in middle age.
Purse Dhamma in old age.
၉၅။ အတတ်ပညာ မရှိသူသည် သူတစ်ပါး၏ ၀န်ကိုထမ်းရ၏။
အတတ်ပညာရှိသူသည် သူတစ်ပါး၏ ဂုဏ်ပြုခြင်းကို ခံရ၏။
ထို့ကြောင့် နေ့စဉ်နေ့တိုင်း အတတ်ပညာကို ရအောင်ကြိုးစား သင်ယူပါလော့။
One without knowledge has to carry other's burden.
One who has knowledge is honoured by others.
So strive daily to get knowledge.
၉၆။ မိဘတို့သည် သားသမီးကို ငယ်စဉ်ကပင် အတတ်ပညာကို သင်ပေးရ၏။
အတတ်ပညာကို သင်မပေးခဲ့မူ ဟင်္သာတို့ အလယ်၌ ဥဗျိုင်းငှက်သည် မတင့်တယ်သကဲ့ ပရိတ်သတ်ဗိုလ်ပုံ အလယ်၌ မတင့်တယ်ဖြစ်ရာ၏
အတတ်ပညာ ကင်းမဲ့သောကြောင့် သားနှင့်သမီး မိဘတို့သည် ရန်သူသဖွယ် ဖြစ်လာရ၏။
Parents must educate the children while young.
If not, they will be unbecoming-bird is unbecoming among hams as.
For not being educated, son and parents can turn out to be an enemy.
(လောကနီတိ ရေးသားသူ သန့်ဇင်ဌေး)
မှီငြမ်းကိုးကား
k.s.l ( kyisanlin blog)
http://grou.ps/ayerwaddystars/wiki မှ ကူးယူဖော်ပြသည်။ ။
lu bo
မှတဆင့် ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားပြီးကုသိုလ်တရားပွားများနိုင်ကြ
ပါစေခင်ဗျာ)
(ကျွန်တော့်၏Postများမှဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်အတွက်ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်ယူနိုင်ကြ
ပါသည်ခင်ဗျာ)